သတင်းများ

လယ်ဝေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ
Oct 14,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် မြို့နယ်သန်း​​ခေါင်စာရင်း ကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် အောက်တိုဘာ ၁ ရက်မှ စတင်၍ ရပ်ကွက်နှင့်ကျေးရွာများတွင် ကောက်ယူလျက်ရှိသည်။​
ငဖဲမြို့နယ်၌ မိုးစပါးနှင့် အခြားမိုးသီးနှံ ၃၉၄၉၈ ဧက စိုက်ပျိုးပြီးစီး
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ ၃၆၄၄၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ ၃၉၄၉၈ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ‌နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 14,2024
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် အဘိဓမ္မာအခါတော်နေ့၊ သီတင်းကျွတ်မီးထွန်းပွဲတော်နေ့ အထိမ်းအမှတ်အဖြစ် ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (မူလတန်းအထက်ဆင့်) စိတ်ကြိုက်ပန်းချီပြိုင်ပွဲ နှင့် ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၏ ဝိဇာတမင်္ဂလာ ကျင်းပ
Oct 14,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဂန့်ဂေါမြို့၊ မြို့ခင်းသာပရိယတ္တိ စာသင်တိုက်ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ၏ သက်တော်(၇၇)နှစ်ပြည့် ဝိဇာတမင်္ဂလာပူဇော်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်)နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေး ပြုလုပ်
Oct 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော်ကြီး၌ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးကိုးထောင် ကပ်လှူပူဇော်ခြင်းဖြင့်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီအချိန်က အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Oct 14,2024
ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီက စပါယ်ကုန်းအုပ်စု၊ ပဲ့ကန်ကွင်းနှင့် ရန်အောင်အုပ်စု၊ ပင်းစုကွင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
တောင်သာမြို့နယ်တွင် အိမ်ထောင်စု ၃၅၇၈ စု သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူပြီးစီး
Oct 14,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စားရင်းစစ်၊ စားရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို အောက်တိုဘာ(၁)ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စု(၃၅၇၈) စုအား သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည်ရှုအားပေး
Oct 14,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ​​ယနေ့ နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ်ကြည့်ရှု အားပေးခဲ့ကြသည်။