ကြံခင်းမြို့နယ်အသင်း(ရန်ကုန်)က မြတ်ဒါနစေတနာ (အခမဲ့) ဆေးခန်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ကြံခင်း အောက်တိုဘာ ၁၅

ကြံခင်းမြို့နယ်အသင်း (ရန်ကုန်) မှ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ မြတ်ဒါနစေတနာ (အခမဲ့) ဆေးခန်းအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည်ပိုင်းက အဆိုပါ ဆေးခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ (အခမဲ့) ဆေးခန်း နာယက ဦးဝင်းရီက အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ ကြံခင်းမြို့နယ်အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးစိန်ဌေးက အလှူငွေလှူဒါန်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်၊ မြတ်ဒါနစေတနာ (အခမဲ့) ဆေးခန်းဥက္ကဋ္ဌ ဦးနေလင်းထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။

အဆိုပါ ကြံခင်းမြို့နယ်အသင်း (ရန်ကုန်) သည် ကြံခင်းမြို့နယ်အတွင်းရှိ ကုန်းမြင့်ဘိုး/ ဘွားရိပ်သာနှင့်ဘက်ရဲမြို့၊ ဆိပ်သာနှင့် ဘိလပ်မြေနယ်မြေရှိ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းအလှူအတွက် လှူဒါန်းရာ စုစုပေါင်းလှူဒါန်းငွေ (၂၂) သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)