(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ နေပြည်တော်၌ ကျင်းပလျက်ရှိ
Oct 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Signing Room ၊ Banquet Hall ၊ Plenary Hall ၊ News Briefing Room တို့တွင်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင် ကဇာတ်ရုံတို့တွင်လည်းကောင်း အသီးသီးကျင်းပလျက်ရှိသည်။