မက်မန်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၈ ရက်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က အဖွင့်အမှာစကားပြောကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးက မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေး နှင့်မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့်အချက်များ၊ သဘာဝဘေးအန္တရယ်များဖြစ်သည့် မြေပြိုဘေး၊ ငလျင်ဘေးအန္တရာယ်များဖြစ်ပွားပါက ဆောင်ရန်ရှောင်ရန်အချက်များနှင့် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့ကာ အခမ်းအနားတက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းနှင့် အခြားမီးငြိမ်းသတ်နည်းများကို ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)