ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း စားအုန်းဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဟင်းသီး၊ ဟင်းရွက်ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)နှင့် အဆင့်မြင့်စားအုန်းဆီတို့တွင် ကုန်စည်၏ အမျိုးအမည်နှင့် အလေးချိန်တို့အား မြန်မာဘာသာဖြင့် ရေးသားဖော်ပြခြင်း ရှိ/မရှိ၊ စားအုန်းဆီများစျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိတို့အား ယနေ့နံနက် ၁၁ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ မြို့မစျေး အတွင်း/ အပြင်ရှိ ဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကြပ်မတ်စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးစီးမှူး ဦးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးစည်သူကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)