မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းဆောင်ရွက်

မိုးနဲ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရုံးရှေ့မြေစိုက်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ်မဖြစ်ပေါ်စေရေး ရှောင်ရှားသင့်သည့်အချက်များ၊ လူကုန်ကူးခံရပါက ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖတ်ခံရပြီး ပုံမှန်မဟုတ်သည့်အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း၊ လူကုန်ကူးသူများ၏ ပြုလုပ်ပုံများ၊ လူကုန်ကူးမှုမခံရလေအောင် ဂရုပြုနေထိုင်သင့်သည့်အချက်များကို ဓာတ်ပုံနှင့် စာစောင်များဖြင့် အလယ်တန်းအဆင့် ကျောင်းသား/ သူလေးများအား အသိပညာပေးခဲ့ကြသည်။

ဇင်ကိုကို