ခန္တီးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှု
Oct 08,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ ယမန်နေ့ နံနက်ပိုင်းက Moblie Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် စာရင်းကောက်ယူနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးညွှန့်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းဟိန်းစိုး၊ ခရိုင်ရဲတပ်ဖွဲဲ့အကူတပ်ခွဲမှူး ရဲမှူးတင်မောင်ဆွေတို့က လိုက်လံကြည့်ရှုခဲ့ကြသည်။