တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၇)ရက်မြောက် ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှု

ကော့သောင်း အောက်တိုဘာ ၇

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယနေ့(၇)ရက်မြောက်နေ့‌နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမူရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်‌ဆရာတော် ဘဒ္ဒန္တပညာဝံသအား ဦးခိုက်ကန်တော့၍  သာသနာရေးဆိုင်ရာများ‌ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းနှင့်နဝကမ္မဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ‌ကျေးရွာအတွင်း လမ်းတစ်လျှောက် ကောက်ကွက်များအလိုက် သန်းခေါင်စာရင်းကောက်ယူနေသည့် နေအိမ်များသို့ အိမ်တိုင်ရာ‌‌ရောက်သွားရောက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်ဆက်စပ်အဖွဲ့အစည်းများ၊ စာရင်းစစ်/စာရင်းကောက်များမှ သန်းခေါင်စာရင်းတွင် အသုံးပြုသည့်မေးခွန်း(၆၈)ခု၊ အိမ်ထောင်စုမေးခွန်းနှင့်မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းများအား Tablet များ အသုံးပြု၍  ဒေသခံပြည်သူများအား သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှု၍ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)