ကော့သောင်း အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက်ဂိတ် မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းနေရာနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး သစ်ဆောက်လုပ်နေသည့် အဆောက်အဦနေရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ကော့သောင်းမြို့ မြို့မဆိပ်ကမ်းနေရာ၌ တည်ဆောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက် ဂိတ်မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းနေရာသွားရောက်ခဲ့ရာ လုပ်ငန်းတည်ဆောက်ရေးအား တာဝန်ယူဆောင်ရွက်နေသည့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှတာဝန်ရှိသူများက (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကော့သောင်းမြို့ အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက်ဂိတ် မုခ်ဦးအပါ အဆောက်အဦတည် ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံမှတ်တမ်းများ၊ အဆောက်အဦဆောက်လုပ်မည့် အစီအစဉ်များအား ချပြရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက လုပ်ငန်းအဆောက်အဦအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံးသစ်ဆောက်လုပ်နေသည့် အဆောက်အဦနေရာသို့ သွားရောက်ခဲ့ပြီး နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအား ချပြရှင်းလင်းခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် အဆောက်အဦအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)