သတင်းများ

ဥတ္တရသီရိမြို့နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ လှူဒါန်းသည့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Oct 07,2024
ပြည်‌ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ရာဂီမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသော မိုးစပါးစိုက်ဧရိယာများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသည့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပခဲ့သည်။
မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
Oct 07,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ(၁)နာရီက ထန်းကိုင်းကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ပေါင်းတည်မြို့၌ သဘာဝမြေသြဇာပေါင်းစပ်အကျိုးပြုမှု တောင်သူသုတေသန စံပြစပါးစိုက်ကွက်အား ကွင်းဆင်းကြည့်ရှုအားပေး
Oct 07,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် ရွာလှကျေးရွာ၊ သဘာဝမြေသြဇာပေါင်းစပ်အကျိုးပြုမှုကို လေ့လာမည့် တောင်သူသုတေသန စံပြစပါးစိုက်ကွင်းအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း  ၂၀၂၃-၂၀၂၆ အလုပ်အမှုဆောင်သက်တမ်း အထူးအစည်းအဝေးကျင်းပ
Oct 07,2024
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် အသင်းဖွဲ့စည်းပုံစည်းကမ်းချက်များနှင့်အညီ အသင်း၏လုပ်ငန်းဆောင်တာများပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၂၀၂၃-၂၀၂၆ အလုပ်အမှုဆောင်သက်တမ်းအထူးအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအချုပ် UMFCCI တွင် ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ကွက်(၇၀၈)ကွက်တွင် (၂၆၆)ကွက်ကောက်ယူပြီးစီး
Oct 07,2024
ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ၆ ရက်မြောက်နေ့ ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၇ နာရီကစတင်၍ သက်ဆိုင်ရာစာရင်းစစ်/စာရင်းကောက်အဖွဲ့များနှင့် နယ်မြေအလိုက် တာဝန်ယူကြီးကြပ်ဆောင်ရွက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနေအိမ်သို့ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီမြို့၌ ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံလုပ်ငန်းသတ်မှတ်ထားသော မိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေးအပ်ပွဲအခမ်းအနား တက်ရောက်
Oct 07,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် သတ်မှတ်ထားသောမိုးရေချိန်စံညွှန်းကိန်းထက် ကျော်လွန်ခြင်းအတွက် လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်း​နေမှု ကြည့်ရှုအားပေး
Oct 06,2024
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၆ ရက်နေ့လယ်ပိုင်းက မင်းလှမြို့နယ်၊ သင်အိုင်အုပ်စု၊ သင်အိုင်ကျေးရွာကွင်းအမှတ်(၇၇၄)၊ ဦးပိုင်အမှတ်(၂၀၁/၂)တွင် Drum Seeder ဖြင့် စိုက်ပျိုးထားသည့်တောင်သူ ဦးစိုးလှိုင်၏  ဆင်းသုခ မိုးစပါး (၅)ဧကတွင်  စံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲ ကျင်းပ
Oct 06,2024
Myanmar House နှင့် Cars DB တို့မှ ကြီးမှူးကျင်းပသည့် "(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲ"ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ LOTTE Hotel ၌ကျင်းပရာ Myanmar House နှင့် Cars DB မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။