သတင်းများ

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပ
Oct 06,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနေမှုအားကြည့်ရှုအားပေး
Oct 06,2024
နိုင်ငံ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး​ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ၀န်ထမ်းများက အောက်တိုဘာ(၅)ရက် နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု၊ ဘူတာစျေးတန်းကောက်ကွက်သို့ စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်မြို့နယ်အဆင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ "World Teachers Day" အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ရွှေတောင်)  ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ
Oct 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၆ ရက်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက  ဆက်လက်ကောက်ယူလျက်ရှိသည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ ထင်ကျန်နေသည့် စကုမြို့
Oct 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့သည် မင်းဘူးမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ရှေးဟောင်းရုပ်စုံကျောင်းအပါအဝင် တန်ခိုးကြီးစေတီ ပုထိုးများနှင့် သာသနိက အဆောက်အအုံအများအပြား တည်ရှိနေသည့် မြို့တစ်မြို့ဖြစ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်ပြီး ဟဲလုံ‌ကျေးရွာ၌ နို့စားနွား မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Oct 06,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆောင်းသီးထပ်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ သို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 06,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တီးတိန်မြို့၌ မြို့တွင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်
Oct 06,2024
ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ယနေ့နံနက် ၉ နာရီက မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းနှင့် ဆေးရုံသွား လမ်းဘေးဝဲယာ ချုံနွယ်မြက်ပင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။