တီးတိန်မြို့၌ မြို့တွင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်

တီးတိန် အောက်တိုဘာ ၆

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ယနေ့နံနက် ၉ နာရီက မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းနှင့် ဆေးရုံသွား လမ်းဘေးဝဲယာ ချုံနွယ်မြက်ပင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ယနေ့နံနက် ၉ နာရီက မြို့မထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းနှင့် ဆေးရုံသွား လမ်းဘေးဝဲယာ ချုံနွယ်မြက်ပင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များကဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)