သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ
Oct 06,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်တွင် ရေကြီး‌ရေလျှံမှုများဖြစ်ပွားခဲ့သည့် ကျေးရွာများမှ ပြည်သူများအား အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်
Oct 06,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ သရက်ညီနောင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာတို့မှ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်က အဆိုပါကျေးရွာ၏ ရွာဦးကျောင်းတိုက်ဓမ္မာရုံ၌ နယ်လှည့်ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။
ကန့်ဘလူမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ
Oct 06,2024
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်၌ မိုးစပါး ၇၈၅ ဧကစိုက်ပျိုးပြီးဖြစ်
Oct 06,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင် ၅ ခုမှ မိုးစပါး လျှပ်စစ်မြစ်ရေတင်ရေဖြင့် ၇၈၅ ဧက စိုက်ပျိုးလျက်ရှိရာ ရာခိုင်နှုန်းပြည့်စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
တွံတေးခရိုင် သန်း‌ခေါင်စာရင်းကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ တွံတေးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး
Oct 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့များက ဇီးဖြူကုန်း၊ သဝန်းတော၊ ဘုရားကြီး၊ ကျိုက်သလဲ ကျေးရွာအုပ်စုများသို့ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ
Oct 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ
Oct 06,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုးထားလာစေရန်နှင့် ဆရာတို့၏ဂုဏ်ကျေးဇူးကို အောက်‌မေ့သတိရစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၆၀)နှစ်အထက်အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးတို့အား ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အနေဖြင့် မြို့နယ်ပညာရေးဝန်ထမ်းများစုပေါင်း၍  မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းကျောင်း (လယ်ပေါ်) ၌ ဆောင်ရွက်ခဲ့သည်။