ဒေးဒရဲမြို့နယ်၊တံတားချောင်ကျေးရွာရှိ ဘက်စုံသုံးဘေးဒဏ်ခိုလှုံရာ အဆောက်အဦ (Cyclone Shelter) လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သုံးဒါတ်ကျေးရွာအုပ်စု၊ တံတားချောင်ကျေးရွာရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ်ခိုလှုံနိုင်စေရေးရည်ရွယ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံ ငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဘက်စုံသုံးဘေးဒဏ်ခိုလှုံရာ အဆောက်အဦ (Cyclone Shelter)လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။