ငါန်းဇွန် အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ အဆိုပါ ကောက်ယူမှုအခြေအနေများအား တာဝန်ရှိသူများက နေ့စဉ်ကွင်းဆင်းကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ၂၀၂၄.ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို စာရင်းစစ် (၃) ဦးနှင့် စာရင်းကောက် (၉) ဦး၊ စုစုပေါင်း (၁၂) ဦးတို့ဖြင့် ကောက်ကွက် (၃၆) ကွက်အား အောက်တိုဘာ (၁) ရက်နေ့မှ စတင်၍ ကောက်ယူလျက်ရှိရာ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူမှုကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဉက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလှသိန်းနှင့် ကော်မတီဝင်များက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ငါန်းဇွန်မြို့နယ်အတွင်းမှ ကောက်ကွက် (၃၆) ကွက်အား အိမ်ထောင်စုကောက်ကွက်အဖွဲ့ (၃) ဖွဲ့ခွဲ၍ အောက်တိုဘာလ ၁၅ ရက်နေ့အထိ၊ နေ့စဉ်နံနက် (၈) နာရီမှ ညနေ (၄) နာရီအချိန်ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)