ပေါင်းတည်၌ အရည်အသွေးမြင့် စပါးမျိုးစေ့များထုတ်လုပ်မှု ကြိုးပမ်းဆောင်ရွက်
Oct 09,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံဌာနခွဲ၌ အရည်အသွေးမြင့် စပါးမျိုးစေ့ထုတ်လုပ် စိုက်ပျိုး၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မျိုးသန့်ခြံအတွင်း စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိသောမျိုးသန့် မျိုးပွား မျိုးစေ့ထုတ် (RS) စိုက်ခင်းများရှိ ရင့်မှည့်လျက်ရှိသည့် မျိုးစပါးပင်များအား စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးမင်းနှင့်မျိုးသန့်ခြံ တာဝန်ခံ ဒေါ်ဌေးဌေးတင်တို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။