ဘီးလင်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ

ဘီးလင်း အောက်တိုဘာ  ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ အောက်တိုဘာလ ၉ ရက်တွင် ပေါက်တောကျေးရွာ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ကောက်ကွက်ပေါင်း (၂၀၅) ကွက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက် (၁၃၇) ဦးတို့က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ကောက်ကွက်ပေါင်း (၁၃၀) ကွက်မှ အိမ်ထောင်စုပေါင်း (၁၁၂၂၅) စုကို ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသန်းခေါင်စာရင်းကောက်ယူရာ၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)