ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ဟင်္သာတမြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းနေမှုများ ကြည့်ရှုအားပေး

ဟင်္သာတ အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်၊ တောင်ကလုံအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ တောင်သူဒေါ်ညိုညိုဆန်း၏ ကွင်းအမှတ် (၁၅၉၂)၊ ဦးပိုင်အမှတ် (၇၆/၂) ၌ လက်စိုက်စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေဧရာစပါး အမျိုးအစား စိုက်ဧက (၃)ဧကခွဲ မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်တိုးမြှင့် အတွင်းရေးမှူး ဦးသော်ဇင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် မြို့နယ်အဆင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက် အားပေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်