ကျွန်းစုမြို့ မအိုင်ကျေးရွာ၌ ဘဝအလင်းအရောင် စာကြည့်တိုက်အသစ် ဖွင့်လှစ်
Dec 25,2024
မြန်မာနိုင်ငံတစ်ဝန်းလုံးမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းရရှိသည့် အလှူငွေများထဲမှ သိန်း ၁၅၀ ကျပ်နှင့် ဒေသခံအလှူရှင်များ လှူဒါန်းငွေ ကျပ်သိန်း ၁၂၀ ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာရှိ ဘဝအလင်းရောင် စာကြည့်တိုက်အသစ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။