မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူး သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေး ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၄) နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ တိုင်းဒေသကြီးရုံးရှိ သင်တန်းကျောင်းတွင် ပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက အမှာစကားပြောကြားပြီး အခမ်းအနားမှူးများအဖြစ် နှစ်ယောက်တစ်တွဲစီ လက်တွေ့သရုပ်ပြယှဉ်ပြိုင်ခဲ့မှုအပေါ် အကဲဖြတ်အမှတ်ပေးခဲ့မှုနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့ကြသည့် သင်တန်းသူများအား တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဒုတိယတိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ နှစ်ရက်ကြာပို့ချ သင်ကြားပို့ချခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဝန်ထမ်း(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း ပြန်/ဆက်