သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

သာစည် ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ်မှကင်းဝေးစေရန် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက သာစည်မြို့ အမှတ် (၁) ငါးဆူတိုးချဲ့ရပ်ကွက်ရှိ ၉၉၉ သံမဏိစက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်း ပြသပေးကာ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များက စက်ရုံ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးသည်။ ထို့နောက် စက်ရုံတာဝန်ခံ ဦးကျော်ကျော်သန်းနှင့်စက်ရုံလုပ်သားများအား မီးဘေးလုံခြုံရေး အကြံပြုချက်များပေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုနည်းများ ပြသပေးကာ စက်ရုံလုပ်သားများအား လက်တွေ့မီးငြှိမ်းသတ်စေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်