ချောက်မြို့နယ်အတွင်းရှိ ​ဆေးဆိုင်များနှင့် စားသုံးဆီဆိုင်များအား မ​ကွေးတိုင်း​ဒေသကြီး (FDA) မှကွင်းဆင်းစစ်ဆေး

ချောက် ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့ နယ်အတွင်းရှိ ​ဆေးဆိုင်များနှင့် စားသုံးဆီဆိုင်များအား မ​ကွေးတိုင်း​ဒေသကြီး (FDA) မှ ယမန်‌နေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်​​ဆေးရာတွင်​ဆေးဆိုင်များအားစစ်​ဆေးရာ၌ ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ/မရှိ၊ ရောင်းချ​သော ဆေးဝါးများတွင်အ ညွှန်းများတပ်ဆင်မှု ရှိ/မရှိ၊ (FDA)မှတားမြစ်ထား​သော ​ဆေးဝါးများ​အား ရောင်းချခြင်း ရှိ/မရှိ စစ်​ဆေးခဲ့​ပြီး ပြည်တွင်းထုတ်အမှတ် တံဆိပ်ပါစားသုံးဆီများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ FDA ထောက်ခံချက် ရှိ/မရှိ၊ ဈေးကွက်အတွင်း အမှတ်တံဆိပ်ပါရောနှောဆီ (Blended OIL) ဖြန့်ဖြူးရောင်းချမှုများအား မြေပြင်ကွင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်​ဆေးမှုကို မ​ကွေးတိုင်း​ဒေသကြီး (FDA) မှ ဦးစီးအရာရှိ ဦးဝေလင်းနှင့် အဖွဲ့ဦးဆောင်၍ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာ‌‌ရေးဌာန၊ မြို့နယ်စည်ပင်သာယာ​ရေး အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ​ဆောင်ရွက်ခဲ့​ခြင်း​ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)