ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ
Dec 22,2024
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။