ဟားခါး ဒီဇင်ဘာ ၂၂
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြု ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်မှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ သိက္ခာတော်ရ ဆရာတော်များနှင့် မြို့မိမြို့မများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာသိက္ခာတော်ရ ဆရာမငဲမ်ခေါမ်ညောင်က ပဏာမကျမ်းစာဖတ်ကြားပြီး သိက္ခာတော်ရ ဆရာငိုဇာခုပ်က ဝတ်ပြုဆုတောင်းခြင်းအစပြုဆုတောင်းကာ “ယေရှုကြွလာတော်မူကျူး” ဓမ္မသီချင်း ဖြင့် ဂုဏ်တော်ချီးမွမ်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားပြီး ယုံကြည်သူတစ်ဦးကတပင်တိုင်ဂုဏ်တော်ချီးမွမ်း၍ Pastor ဇနှင်းထန်က ခရစ္စမတ် အထူးဆုတောင်းပေးပြီး ယုံကြည်သူတစ်ဦးက တပင်တိုင်ဂုဏ်တော်ချီးမွမ်းသည်။
ထို့နောက် သိက္ခာတော်ရ ဆရာရိုဂျင်လိန်းက ခရစ္စမတ်သတင်းကောင်း ဝေငှပြီး ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက သံစုံသီချင်းဖြင့် ဂုဏ်တော်ချီးမွမ်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးတို့က သိက္ခာတော်ရ ဆရာဗန်သီယမ်၊ သိက္ခာတော်ရ ဆရာမ ငဲမ်ခေါမ်ညောင်၊ သိက္ခာတော်ရဆရာ ပေါလ်ရမ်ကျုံး၊ သိက္ခာတော်ရ ဆရာရိုဂျင်လိန်းနှင့် Pastor ဇနှင်းထန်တို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီ ၊ သယံ ဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်တို့က ဟားခါးမြို့မိမြို့ဖများဖြစ်ကြသည့် ဦးထလာဘိခ့်၊ ဦးထောင်ကီယန်း၊ ဦးမောင်မောင်၊ ဦးထလာကီးယိုနှင့် ဦးဆံအဲလ်တို့အားလည်းကောင်း ခရစ္စမတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ “တိတ်ဆိတ်ည၊ သန့်ရှင်းညကျူး” ဓမ္မသီချင်းဖြင့် ဂုဏ်တော်ချီးမွမ်းကြပြီး သိက္ခာတော်ရ ဆရာပေါလ်ရမ်ကျုံးက ခရစ္စမတ်ညနေစာအတွက် ကျေးဇူးတော်ချီးမွမ်း၍ ပရိတ်သတ်အားလုံး မတ်တပ်ရပ်လျက် ထောမနာသီချင်းသီဆိုကာ သိက္ခာတော်ရ ဆရာဗန်သီယမ်၏ကောင်းချီး မင်္ဂလာပေးခြင်းဖြင့် ဝတ်ပြုဆုတောင်းခြင်းအစီအစဉ် ရုပ်သိမ်းကာ ခရစ္စမတ်ညနေစာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)