သတင်းများ

ရပ်စောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အဆိုပြုယှဉ်ပြိုင်ထားသောကျောင်းသို့ ဒုတိယအကြိမ်ကွင်းဆင်း စစ်ဆေး
Oct 27,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် အဆိုပြုဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည့် ရပ်စောက်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အုန်းကွဲ)ကျောင်းအား ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးဆုစိစစ်ရွေးချယ်ရေးအဖွဲ့မှ သက်မှတ်အရည်အချင်းနှင့် ကိုက်ညီမှု ရှိ/မရှိ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး
Oct 27,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း(ကလောခရိုင်) လမ်းပိုင်း ပြုပြင်နေမှုအား ယမန်နေ့ ညနေ ၃ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်း‌သာမှုရှိစေရန် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Oct 27,2024
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး သန့်ရှင်းသာယာပြီး အဓွန့်ရှည်တည်တံ့နေစေရေးနှင့် လာရောက်ဖူးမြော်သူပြည်သူများ စိတ်ချမ်းသာမှုရှိစေရန်အတွက် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာများစုပေါင်း၍ မကွေးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် မြသလွန်စေတီတော်မြတ်ကြီးတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 27,2024
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၆)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြသလွန်စေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ကမ္ဘာ့ဖလား အားကစားပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့က‌ ရွှေတံဆိပ်နှစ်ခုနှင့် ‌ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူး
Oct 27,2024
ICF က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ် ချန်ဒူးတွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ လက်ရည်စစ်ပြိုင်ပွဲ Championship နဂါးလှေလှော်ပြိုင်ပွဲအတွက် မြန်မာလှေလှော်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်က မြန်မာ‌လှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့‌သည်။
ချမ်းအေးသာစံအနောက်ရပ်ကွက်၊ သာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံ၊ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်နှင့် ဓမ္မာရုံရေစက်ချပွဲပြုလုပ်
Oct 27,2024
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ သာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံ၊ ဗုဒ္ဓရုပ်ပွားတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းမင်္ဂလာနှင့် ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၉ နာရီက ၂၉(A)လမ်း၊ ၈၄×၈၅ လမ်းကြားရှိ အဆိုပါသာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Oct 27,2024
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ ၁၇ ရက်နေ့အထိ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) တွင် ဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ပွဲကျင်းပ
Oct 27,2024
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိခဲ့သူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ တိုင်းဒေကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။