သတင်းများ

ဇီးကုန်းမြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား ကျင်းပ
Oct 27,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကို အခြေခံ၍ ကျင်းပသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (ဇီးကုန်း)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ကျောက်ဆည်မြို့တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် နေအိမ်ပျက်စီးသူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Oct 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် နေအိမ်ပျက်စီးသူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး ဆောင်ရွက်နေမှုများ၊ ဈေးသစ်တည်ဆောက်နေမှုနှင့် စက်သုံးဆီအရောင်းဆိုင်များ ကြည့်ရှုစစ်ဆေး
Oct 27,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးကို ဌာနဆိုင်ရာများနှင့်ပြည်သူများလက်တွဲ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်းသိရှိစေရေး စံကွက်ရိတ်သိမ်း
Oct 27,2024
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်းသိရှိစေရေးအတွက် မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာရှိ တောင်သူ ဦးဘီဂျေးကူးမား၏ ကွင်းအမှတ်(၂၆၂-ဂ)၊ ဦးပိုင်အမှတ်(၃၀/၁)၊ ဆင်းသုခမျိုးမိုးစပါးစိုက်ခင်း(၈)ဧကကို (၀.၁၀) ဧကစံကွက်ထား၍ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က တာဝန်ရှိသူများ စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုတင်း (၁၃၁.၇၀) တင်းထွက်ရှိကြောင်း သိရသည်။
မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Oct 27,2024
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးဝင်းအတွင်း ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ပြည်နယ်ကိုယ်စားပြု အနုပညာရှင် မောင်/မယ်များအား ကြိုဆိုဂုဏ်ပြု
Oct 27,2024
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ကချင်ပြည်နယ်အနေဖြင့် အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အနုပညာရှင် မောင်/မယ်များအား ယမန်နေ့နံနက် (၇) နာရီက ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
တာချီလိတ်မြို့၌ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ
Oct 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများအား သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းထောက်ပံ့ပေး
Oct 27,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးအတွက် ပြိုင်ပွဲဝင်မည့်အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။