သာယာဝတီမြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသည့် မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိ

သာယာဝတီ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဇွယ်ငူကျေးရွာနှင့် ဖိုးခေါင်၊ စံရွေးကျေးရွာများရှိ တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

သီးနှံမျိုးစုံစိုက်ပျိုးရာမှာ “မြေ(၄)ဧကအပေါ်မှာ စိုက်ထားတဲ့ သီးနှံတွေကတော့ ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ ဆူးပန်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ ၊ ကန်စွန်း၊ ချဥ်ပေါင်၊ ကြက်သွန်မိတ်၊ ခရမ်း၊ မုံလာဥ၊ မုန်ညှင်းခါး၊ ဘူး၊ ဆူးပုတ်ကြီး၊ စပါးလင်စတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုး ရောင်းချပါတယ်၊ စိုက်ပျိုးတဲ့အခါမှာလည်း ဓာတုဓာတ်ကြွင်းကင်းလွတ်စေဖို့ Superဘိုကာရှီ၊ EMဘိုကာရှီ သဘာဝမြေဆွေးမြေဩဇာ၊ ငါးအမိုင်နိုအက်စစ် သဘာဝအပင်အားတိုးဆေး၊ သဘာဝဆေးရွက်ကြီး၊ သဘာဝငရုပ်သီး၊ EM-5 သဘာဝမှိုဆေးတွေ ကိုယ်တိုင်ပြုလုပ်ပြီးသုံးစွဲကြောင်း” ကိုးပင်ရိုးကျေးရွာမှတောင်သူ ဦးတင်ဝိုင်းက ပြောသည်။ 

သီးနှံရောင်းချရာတွင် သာယာဝတီမြို့နယ် မြို့မစျေးနှင့် သုံးဆယ်မြို့ဈေးတို့တွင် ကုန်စိမ်းအရောင်းခန်း(၂)ခန်းနှင့် နေ့စဉ်ရောင်းချကြောင်း၊ တစ်နိုင်တစ်ပိုင် နယ်လှည့်၍လည်း ရောင်းချသည့် ဈေးသည်များကိုလည်း ရောင်းချကြောင်း၊ ရောင်းချရာတွင် နယ်လှည့်ဈေးသည်များ အမြတ်များ ရရှိစေရေး ကုန်ပစ္စည်းအပေါ်မူတည်၍ ရောင်းချပေးလျက်ရှိသောကြောင့် မိသားစုများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)