သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စတင်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများအဆင်ပြေလျက်ရှိ
Oct 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူများအနေဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း၊ နေ့စဉ်ဝင်ငွေရရှိရေး ကာလတို/ကာလရှည် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ညောင်ပင်ဇောက်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စတင်ခူးဆွတ်ရောင်းချသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Oct 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာရှိ သုခမင်္ဂလာဈေးရုံ‌ရှေ့၌ ဆောင်ရွက်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန် နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့
Oct 27,2024
ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ရေဘေးသင့်ပြည်သူများအား ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သာသနာ့ဗိမာန် တော်ကြီး၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်နှင့်ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပြီး တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Oct 27,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Oct 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများ ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အင်္ဂလိပ်စာဝေါဟာရကြွယ်ဝလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ(ကျပန်း)များကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ
Oct 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အောင်မင်္ဂလာကျေးရွာအုပ်စု ကွင်းအမှတ်(၄၅၅) ဦးပိုင်အမှတ်(၅၂/၃)ရှိ တောင်သူ ဦးသိန်းထိုက်၏ ဆင်းသုခစပါးမျိုး စိုက်ခင်းတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က စံကွက်အရွယ်အစား (၀.၁၀)ဖြင့် မိုးစပါးစံကွက်ရိတ် သိမ်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ ​အောင်ဇမ္ဗူဆု​တောင်းပြည့်​စေတီမြတ်ကြီး ထီးတော်တင်မင်္ဂလာအခမ်းအနားကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်း​ဆွေး​နွေး
Oct 27,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ရွှေစည်းခုံပုံတူ အောင်ဇမ္ဗူဆု​တောင်းပြည့်​စေတီ​တော်ကို အသစ်ပြန်လည်တည်ထားကိုးကွယ်လျက်ရှိရာ ​စေတီ​တော်မြတ်ကြီး ထီး​တော်တင်မင်္ဂလာအခမ်းအနားကျင်းပနိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ​အောက်တိုဘာလ ယနေ့နံနက် ၉ နာရီအချိန်က ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။