ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center)၌ အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

ချောင်းဆုံ ဒီဇင်ဘာ ၂၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ဖွင့်လှစ်သည်။

ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ပြုလုပ်သည်။

အဆိုပါသင်တန်းကို ဆရာ၊ဆရာမများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ (၄) ဦးတို့မှ သင်တန်းနည်းပြများအဖြင့် ဆောင်ရွက်ကာ သင်တန်းသား/သင်တန်းသူ (၁၉)ဦးတို့အား ဒီဇင်ဘာ (၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၂)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခြင်းနှင့်  အပြန်အလှန် ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)