ဘားအံ ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူများ၊ ဆရာ/ဆရာမများ၊ ဘာသာရပ်အသီးသီးမှ ပထမနှစ်နှင့်တတိယနှစ် ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံတက္ကသိုလ်ပေါက္ခချုပ် ဒေါက်တာစိုးစိုးအေးက အမှာစကားပြောကြားပြီးနောက် ကရင်ပြည်နယ် တရားရေးဦးစီးမှူးရုံးမှ ခရိုင်တရားသူကြီး ဦးမောင်မောင်သက်လွင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သော ဥပဒေများအကြောင်း၊ အမှတ်(၁၀)ယာဉ်ထိန်းရဲ၊ ဒုတပ်ဖွဲ့ခွဲ(ကရင်)မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဟန်မွှေးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ မော်တော်ဆိုင်ကယ်စီးနင်း မောင်းနှင်ရာတွင် လိုက်နာရန်အချက်များ အသိပညာပေး ဟောပြောခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)