ခရမ်းမြို့နယ်တွင် ရက်(၁၀၀) အားကစားလှုပ်ရှားမှုဖြင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ခရမ်း မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ရက်(၁၀၀) အားကစားလှုပ်ရှားမှုဖြင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ရပ်အား ရွတ်ဆိုခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် အမှတ်(၃)ရပ်ကွက်အသင်းနှင့် အမှတ်(၉)ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိရပ်ကွက်များမှ အသင်း(၈)သင်း ပါ၀င်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို‌ မေလ(၂၇)ရက်နေ့မှ မေလ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သတင်းရရှိသည်။

ခင်နှင်းဝေ(ပြန်/ဆက်)