ကိုကိုးကျွန်း မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်၊ ရပ်ကွက်(၁)၊ (၂)အတွင်းရှိ အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသော 0.4KV, ABC95 sqmm ဓာတ်အားလိုင်းများ လိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုမရှိစေရေးနှင့် ဓာတ်အားလိုင်းနှင့် မကင်းလွတ်သော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းအား ဓာတ်အားပိတ်၍ ကိုကိုးကျွန်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ AE ဦးစည်သူဝင်းဦးဆောင်၍ ဝန်ထမ်းအင်အား (၁+၈)ယောက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)