မြောက်ဥက္ကလာပ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အများပြည်သူများ ဓာတ်အားပြည့်၀ရရှိသုံးစွဲနိုင်ရေးအတွက် ရပ်ကွက်များအတွင်း ထရန်စဖော်မာအသစ်များနှင့် ၁၁ကေဗွီကောင်းကင်လိုင်း (၁၀၁၀) ပေ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်လက်ထောက်မန်နေဂျာ(အင်/ယာ) ဦးရဲနန္ဒမောင် ဦးဆောင်မှုဖြင့် ၀န်ထမ်းများက မြို့နယ်အတွင်း အများပြည်သူများ ဓာတ်အားပြည့်၀ရရှိ သုံးစွဲနိုင် ရေးအတွက် မြောက်ဥက္ကလာပမြို့နယ်အတွင်း (၁)ရပ်ကွက်ရှိ သုမိတ္တာ(၁၃)လမ်းနှင့် (၁၆)လမ်း တွင်လည်းကောင်း၊ (င)ရပ်ကွက်ရှိ သန္တာ(၈)လမ်းတွင်လည်းကောင်း၊ (ဋ)ရပ်ကွက်ရှိ ဥဇ္ဇနာ (၉)လမ်းတွင်လည်းကောင်း၊ (ဈ)ရပ်ကွက်ရှိ မေဓာဝီလမ်းနှင့်ဘုမ္မာလမ်းထောင့်တွင်လည်းကောင်း၊ (ဂ)ရပ်ကွက်နီလာ (၆) လမ်းနှင့် ဥက္ကာ (၈) လမ်းတွင်လည်းကောင်း၊ (ဇ)ရပ်ကွက် ဥဇ္ဇနာ (၂) လမ်းတို့တွင် ထရန်စဖော်မာ (၈) လုံးတည်ဆောက်ခြင်း၊ ၁၁ ကေဗွီကောင်းကင် လိုင်း (၁၀၁၀) ပေ အသစ်တည်ဆောက်ခြင်းနှင့် (၄၀၀ဗို့) ဓာတ်အားလိုင်း (၇၇၀)ပေ အစားထိုးလဲလှယ်ခြင်းအား လုပ်ငန်းများရာနှုန်းပြည့်ပြီး မြောက်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)