ပေါင်းတည် မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးခန်းမတွင် စားသုံးသူရေးရာဆိုင်ရာ အသိပေးထုတ်ပြန်ချက် များအား ထပ်ဆင့်အသိပေးဟောပြောဆွေးနွေးကြသည်။
အဆိုပါအသိပေးဟောပြောဆွေးနွေးပွဲ၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကုန်ပစ္စည်းထုတ်လုပ်သူ၊ ရောင်းချသူများအား မိမိတို့ထုတ်လုပ်နေသော ရောင်းချနေသော ကုန်ပစ္စည်းများ အမျိုးအစားအလိုက် ကုန်ပစ္စည်းအမှတ်တံဆိပ်၊မြန်မာဘာသာ ကုန်ညွှန်းအမှတ်အသားများ ပါရှိရေးနှင့် သက်ဆိုင်ရာမှ ခွင့်ပြုချက်အမှတ်အသားများပါရှိရေးတို့နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပြီး အဆိုပါအမှတ်အသား ထောက်ခံချက်ပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ပျက်ကွက်ပါက အရေးယူဆောင်ရွက်နိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ သတိပေးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေသား