မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော ပတ်ဝန်းကျင်၌ မိကျောင်းအန္တရာယ် သတိထားရှိရန် အသိပညာပေးနှိုးဆော်
Jul 07,2025
မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာချောင်းထဲတွင် ဇူလိုင်(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် ကျေးရွာသား(၂)ဦးအား မိကျောင်းဆွဲခံခဲ့ရသဖြင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် မိကျောင်းဆွဲခံရအပြီး ရက်ပိုင်းများမှစတင်၍ နေ့စဉ်သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိမ်းသိန်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက မိကျောင်းအန္တရာယ်သတိထားရှိရန် အသံချဲ့စက်ဖြင့် မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနှင့်ထိစပ်ရာ မြစ်၊ ချောင်းများ၌ လှည့်လည် အသိပညာပေးနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။