စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

မုံရွာ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် မေလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက်ရှိ တစ်ရက်လျှင် ဆန် ၁ တင်းခွဲ ၁၂၀၀ အိတ် ကြိတ်ခွဲထုတ်လုပ်နေသည့် တန် ၆၀ ကျ“အောင်သုခ” ဆန်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ဆန်များ အဆင့်ဆင့်ကြိတ်ခွဲထုတ်လုပ်နေမှုများ၊ ထုတ်ပိုးနေများနှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှု များအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျှင် ပေါင်မုန့်နှင့်ကိတ်အမျိုးမျိုး အထုတ်ရေ ၅၀၀၀၀ ကျော် ထုတ်လုပ်နေသည့် “ရွှေကြယ်စင်” မုန်လုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းပိုင်ရှင်မှ ပေါင်မုန့်နှင့်ကိတ်အမျိုးမျိုးတို့အား ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်နေမှုအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သလ္လာဝတီရပ်ကွက်ရှိ “အကွာပူရ” သုံးရေနှင့် သောက်ရေသန့်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ချင်းတွင်းမြစ်ရေအား ခေတ်မီစက်ကြီးများဖြင့် ရေသန့်စင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်ခွဲစစ်ဆေးနေမှုများနှင့် ၂၀ လီတာ၊ ၁ လီတာ ရေသန့်ဘူးများ ပါကင်ထုတ်ပိုးနေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် အကွာပူရကုမ္ပဏီတို့အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ရေပေးဝေရေးလုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ချင်းတွင်းမြစ်ရေအား သန့်စင်၍ မုံရွာမြို့အတွင်းရှိ ၂၃ ရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများသို့ နေ့စဉ်သောက်သုံးရေ ဖြန့်ဝေပေးနေမှုလုပ်ငန်း အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေကြီးဝန်ကြီးချုပ်က မုံရွာမြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများအား နေ့စဉ်သန့်ရှင်းသည့် သောက်သုံးရေ လုံလောက်စွာ ပေးဝေသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)