ဒဂုံ မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် လူနေတိုက်ခန်းများ၌ ယမန်နေ့ နံနက်ပိုင်းတွင် ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လူနေတိုက်ခန်းများတွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါများ ကာကွယ်ရန်အဘိတ်ဆေးခပ်ခြင်း၊ ကလိုရင်းခပ်ခြင်းနှင့် ရေသန့်ဆေးပြားများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးတိုး၊ ဆီးချို လူနာများအား နှလုံးစစ်ဆေးပေးခြင်း၊ အသက် ၁၅ နှစ်အောက်ကလေးများ ကာကွယ်ဆေးအပြည့်အစုံထိုးနှံထားခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အသက် ၁ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)