ဒဂုံဝောာင် မေ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးတို့အတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၆ ရက်နေ့ နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၈) ရပ်ကွက်၊ စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ အမြင်မတင့်တယ်သော ခြုံနွယ်မြက်များ၊ အမှိုက်များ၊ အုပ်မိုးသစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့အား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအင်အား (၅) ဦး၊ ပန်းဥယျာဉ်ဌာန အင်အား (၅) ဦး၊ ရေစီးရေလာဌာန အင်အား (၅) ဦး၊ လမ်းတံတားဌာန အင်အား (၅) ဦး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန အင်အား (၅) ဦး၊ စုစုပေါင်း အင်အား (၂၅) ဦးတို့က လူအင်အား၊ စက်အင်အားတို့ဖြင့် ဆောင်ရွက်ကြပြီး ထွက်ရှိလာသော အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်နေရာသို့ ရှင်းလင်းပို့ဆောင်ပေးကြကြောင်း သတင်းရရှိသည်။
နေမျိုးအောင်