ချမ်းအေးသာစံမြို့နယ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့ များဖြင့် စစ်ဆေးအရေးယူ

ချမ်းအေးသာစံ  နိုဝင်ဘာ   ၂၇

မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက်ပိုင်းမှစပြီး မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း ၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယာဉ်မောင်သူများအနေဖြင့် ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်ပါရှိရမှာ ဖြစ်ပြီး မော်တော်ယာဉ် စီးနင်းအသုံးပြုရာတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများအားလုံး ထိုင်ခုံခါးပတ်တပ်ဆင် မောင်းနှင် စီးနင်းရမည် ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်အား ဆောင်း၍ မေးသိုင်းကြိုးတပ် စီးနင်းရမှာဖြစ်ပြီး ယာဉ်အသုံးပြုမောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်ရ၊မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမိုစီးနင်းခြင်း မပြုရ စည်းကမ်းချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်စီးနင်းမောင်းနှင်အသုံးပြုရာတွင် အမျိုးသား နှစ်ဦးမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားမစီးရ၊ အမျိုးသမီးနှစ်ယောက် စီးနိုင်သည်၊ အမျိုးသားနောက်တွင် အမျိုးသမီး စီးနိုင် သည်၊မော်တော်ဆိုင်ကယ်စီးလျှင် မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရမည်၊ပတ်ဝန်းကျင်အား အနှောင့်အယှက်ဖြစ်စေသော အသံကျယ်ကျယ် (အိပ်စောမှထွက်သည့်အသံ) ဖြင့်မစီးရ အထက်ပါညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်