တနင်္သာရီမြို့ နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက်၊အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ပညာပေးသတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က အထက-တနင်္သာရီ၌ ကျောင်းသူ/သားများအား အခမဲ့ဖြန့်ဝေပေးကြ သည်။
အဆိုပါ လက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပေးခြင်းဖြစ်ပြီး အမျိုးသားပညာရေးအကြောင်း၊ အမျိုးသား အောင်ပွဲနေ့ ဖြစ်စဉ်၊ ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံသာယာ ဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့၊ အမျိုးသားရေးစိတ်ဓာတ်နှင့်ပညာရေး ကဏ္ဍသည်အရေးကြီးအကြောင်း စသဖြင့်အချက်အလက်များ စုံလင်စွာပါရှိပြီ ဆရာ/ဆရာမ များနှင့်ကျောင်းသား/သူ(၁၅၀)ဦးတို့အား (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း