နတ်တလင်း နို၀င်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊သာယာ၀တီ ခရိုင်၊နတ်တလင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ အား မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးနှင့်အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ ညနေ ၃နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင် နှင့်တပ်ဖွဲ့၀င်များ၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့်သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ပွင့်လင်းရာသီအချိန်ကာလရောက် ရှိလာပြီဖြစ်သောကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးချိတ်မီးကပ်နှင့် ဆက်စပ်ပစ္စည်းများ၊မီးသတ်ဆေးဘူး ထားရှိ မှုအခြေအနေ၊ ရေလှောင်ကန်များ ရေလုံလောက်မှုရှိ /မရှိတို့ကိုကွင်းဆင်းစစ်ဆေးပြီး မီးဘေး အန္တရာယ်လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာန မှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)