လိပ်သိုဒေသ သံမိုးတောင်ကျေးရွာတွင်မိုးစပါးအပြီးဆောင်းမြေပဲစမ်းသပ်စိုက်ပျိုး

လိပ်သို   နိုဝင်ဘာ  ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ သံမိုးတောင်ကျေးရွာကွင်းအမှတ်(၈၅)ဦးပိုင် (၅၆)တောင်သူဒေါ်ခင်ခင်ဌေး၏ လယ်ယာမြေ၌ မိုးစပါးအပြီး ဆောင်သီးနှံဖြစ်သောဆင်း ပဒေသာ (၄)မြေပဲမျိုးအား (၁)ဧကစမ်းသပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသရှိ ဒေသခံများမှာဥယျာဉ်ခြံမြေများ၌ နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထား စိုက်ပျိုးကြကာဆီထွက်သီးနှံဖြစ်သောမြေပဲကိုတောင်ယာများတွင်အနည်းငယ်သာစိုက်ပျိုးကြပြီးမိုးစပါးအပြီး ဆီထွက်သီးနှံများကို စိုက်ပျိုးခြင်းအလေ့အထမရှိကြောင်း သိရသည်။

ယခုနှစ်တွင် မိုးစပါးအပြီး ဆောင်းမြေပဲကိုစတင်စမ်းသပ်စိုက်ပျိုးခဲ့ရာလိပ်သိုမြို့ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့ဦးစီးမှူးဦးလင်းအောင်နှင့် ဝန်ထမ်းများက စမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းရေး အတွက် လိုအပ်သော နည်းပညာသွင်းအားစုများကို အနီးကပ်ကြီးကြပ်ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးခြင်း၊ စိုက်ပျိုးရေးအသိပညာဖြန့်ဝေပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး စမ်းသပ်စိုက်ခင်းမှရရှိလာမည့် ရလဒ်ကိုအခြေခံ၍ လာမည့်နှစ်များတွင် ဒေသတွင်းစားသုံးဆီ လိုအပ်မှုဖြည့်ဆည်းနိုင်ရေးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြို့(ပြန်/ဆက်)