မိုးကောင်း နိုဝင်ဘာ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျှက် မိုးကောင်းမြို့တော်ခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲတွင်ကျင်းပသော ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲတွင် တက်ရောက်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ကချင် ပြည်နယ် ဦးစီးမှူးမှ ပန်းခင်း စီမံချက်ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များပြောကြားခဲ့သည်။
အိမ်ထောင်စာလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ရာတွင် အသက်(၁၀)နှစ်ပြည့် ကျား(၅၀)နှင့် မ(၅၈)၊ အသက် (၁၈)နှစ်ပြည့် ကျား(၁၀၇)နှင့် မ(၈၅) စုစုပေါင်း (၃၀၀)ဦးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့က ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မိုးကောင်းမြို့နယ်အတွင်းရှိ Volunteer များအတွက် စက်သုံးဆီနှင့် Lunch Box၊ ပိုးတွေ့လူနာများအတွက် Lunch Box နှင့် ကုန်ကျစရိတ်များ ထောက်ပံ့ပေးအပ်ပွဲ၌ ကျပ် ၆၅,၀၄၀,၀၀ဝိ/- ကိုပေးအပ်ရာ မြို့နယ် ကိုဗစ်ရောဂါ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဒေါက်တာကောင်းမြတ်စံတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးကောင်းပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)