ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကြို့ပင်ကောက်     နိုဝင်ဘာ    ၂၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာခင်‌စောတင့်၏ “ဆုံးဖြတ်ဖို့ခက်ခဲ နေမယ်ဆိုရင်” စာအုပ်ကို Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်ဝင်းလေးက ယခုကဲ့သို့ စာဖတ်ဝိုင်းများပြုလုပ်၍ ဆွေးနွေးခြင်းများ၊ စာအုပ်သုံးသပ်ခြင်းများပြုလုပ်ပေးသည့်အတွက် မိမိတို့အနေဖြင့် စာဖတ်ချိန်များ ပိုမိုရရှိလာခြင်း၊ စာကောင်းစာမွန်များဖတ်ရှုရခြင်း၊ မိမိဒေသတွင် ဝယ်ယူဖတ်ရှု၍မရသည့် စာအုပ် များဖတ်ရှုလာရခြင်းများ ရှိလာပါကြောင်းနှင့် ယခုတက်ရောက်လာသော Book Club ၊ Women  Club အဖွဲ့များမှလည်း ပြန်လည်ဆွေးနွေးပြောဆိုတက်သည့် အလေ့အကျင့်ကောင်းများကို ရရှိစေ ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ပေးခြင်းကြောင့်ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးသန်းနိုင်စိုးက စာရေးစရာခင်စောတင့်ရေးသားသော ဆုံးဖြတ်ဖို့ခက်ခဲနေမယ် ဆိုရင် စာအုပ်မှ “ထွက်ပေါက် မရှိဘူးလား” ခေါင်းစဉ်ကို ပြန်လည်ဆွေနွေး ပြောဆိုခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများကို Book Club ၊ Women Club အဖွဲ့များဖြင့် လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)