နတ်မောက်မြို့လူထုအခြေပြု ဗဟိုဌာန၌ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ

နတ်မောက်   နိုဝင်ဘာ    ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း(ပညရေးတက္ကသိုလ်) ရေးသားထားသည့် အလုပ်ဆိုတာအင်အားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်ခန့်က လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက မိမိဝန်ထမ်းများအနေဖြင့် ပြည်သူကိုအသိပညာပေးလုပ်ငန်းများ ဝန်ဆောင်မှုပေးနေသည့်ဝန်ထမ်းများဖြစ်သည့် အတွက် စာပေကိုအမြဲမပြတ် ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ ပြင်ပဗဟုသုတများနှင့် ပြည့်စုံရန် လိုအပ်ကြောင်း စသည့်အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာအောင်က ဒေါက်တာမတင်ဝင်း ရေးသားသည့် “အလုပ်ထဲမှာစေတနာနဲ့ ယုံကြည်ချက် အားများအောင်ကြိုးစားပါ” ခေါင်းစဉ်ကို ဖတ်ရှုဆွေးနွေးခဲ့ရာရုံးဝန်ထမ်းများက စာအုပ်အကြောင်း အရာပါ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း