ငဖဲ နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ တွင် ၂၀၂၁ ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် “အမျိုးသားအောင်ပွဲနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကျင်းပရာ ယနေ့နံနက် ၉ နာရီက ပဒါန်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် အထက်တန်းဆင့်စာစီစာကုံးဖြေဆိုသူ (၁၀)ဦး၊ အလယ်တန်းဆင့်စာစီစာကုံး ဖြေဆိုသူ (၉)ဦးနှင့် ကဗျာဖြေဆိုသူ(၃)ဦး၊မူလတန်းဆင့်စာစီစာကုံး ဖြေဆိုသူ (၉)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၃၁)ဦးနှင့် ယနေ့မွန်းလွဲ ၁နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းဆင့် စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်သူ ( ၂ ) ဦး၊ အလယ်တန်းဆင့် စာစီစာကုံး ဝင်ရောက် ယှဉ်ပြိုင်သူ ( ၅ )ဦး၊ ကဗျာ ဝင်ရောက်ယှဉ်ပြိုင်သူ ( ၅ ) ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၂ )ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မယု (ပြန်/ဆက်)