ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေး

ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့ ဆောင်ပုဒ်နှင့်အညီ  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ပေးသည်။

ထို့နောက်  မြို့နယ်လူဝင်မှုကြီး  ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူး ဦးထိန်ဝင်းနှင့် ဝန်ထမ်းများက အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရ သူများအား ကိုဗစ်-၁၉စည်းကမ်းချက်များနှင့် အညီနေ့ချင်းပြီး ပြုလုပ်ပေးသည်။ ထန်းတပင်မြို့ နယ်အတွင်း ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၉)အုပ်စုမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရမည့် လူဦးရေလျာထားချက်အရ ( ၃၇၈၀) ဦးရှိပြီး ယနေ့တွင် ပျဉ်ဂန်းကျေးရွာအုပ်စုနှင့် ကြံခင်းကျေးရွာမှ ပြည်သူ (၄၂)ဦးတို့ကို ပြုလုပ်ပေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း (၁၇၀၀)ဦးကို  ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)