ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကျင်းပ
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသော ကူးစက်ရောဂါဖြစ်သည့် Coronavirus Disease 2019(COVID-19)ရောဂါ (Third Wave) တွင် ဖြစ်ပွား နေသည့် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အမှန်တကယ် ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင် ရာများ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။