လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အိမ်သုံးမီတာများမှ Digital မီတာများ ပြောင်းလဲ တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယူနစ် ပျောက်ဆုံးမှု လျော့နည်းကျဆင်း​ရေးနှင့် AMI စနစ် အကောင်အထည်ဖော်နိုင်ရေး အတွက် Analog အိမ်သုံးမီတာများမှ Digital မီတာများသို့ ပြောင်းလဲတပ်ဆင်ရေး လုပ်ငန်းများကို (၃)လအတွင်း (၈.၁၁.၂၀၂၁)မှ (၃၁.၁.၂၀၂၂) အထိ အပြီးဆောင်ရွက်သွားမည်ဖြစ်သည်၊၊

ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ဓါတ်တိုင်အသစ်များ စိုက်ထူရန်နှင့်  မီးကြိုးအသစ်များ လဲလှယ်ခြင်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်ကျေးရွာ အတွင်း၌ အိမ်သုံးမီတာ (၂၂၇၉၂)လုံး ၊ စီးပွားရေးသုံးမီတာ (၂၆၆၂)လုံး၊ မီတာစုစုပေါင်း (၂၅၄၅၄)လုံး တို့အား  ကွင်းဆင်း၍ လဲလှယ် ဆောင်ရွက်သွားမည် ဖြစ်သည်၊၊

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၁)ရပ်ကွက်တွင် လဲလှယ်ရမည့် မီတာအလုံးရေ (၃၃၁၂)လုံး၊ ကျန်စစ်သားအိမ်ရာတွင် လဲလှယ်ရမည့် မီတာအလုံးရေ (၁၃၄၀)လုံး   Digital မီတာများ လဲလှယ်တပ်ဆင်သွားမည် ဖြစ်သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများ၌ အိမ်သုံးမီတာများအား   ၊Digital မီတာများသို့  ပြောင်းလဲတပ်ဆင်သွားမည် ဖြစ်ကြောင်းကို  မြို့နယ်လျှပ်စစ်ရုံးမှ လျှပ်စစ်မန်နေဂျာ ဦးလှမြင့်မှ ပြောကြားခဲ့ကြောင်းနှင့် Analog အိမ်သုံးမီတာများမှ Digital မီတာများသို့ လဲလှယ် တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်၊၊

ခင်ဝင်းမူ