လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာလ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အသက် (၁) နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၁)နှစ်အောက် ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါ ကာကွယ်ဆေးပြင်း ထန်ဝမ်းလျောဝမ်းပျက် ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းများကို မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှဝန်ထမ်းများက စနစ်တကျမှတ်တမ်းရေးသွင်း၍ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေ(ပြန်/ဆက်)